Romantic Movie & Music Club

Swimming fishကျွန်တော်များ၏ Blog သို့ လာရောက်ကြည့်သူအားလုံးအား နွေးထွေးစွာကြိုဆိုပါတယ် ခင်ဗျာ . . . . .

Kyaw Swar Myint News

ဒေါ်လာငွေကြေးကစားသူများများကို အရေးယူမည်ဟု အစိုးရပြော၊ ရွှေဘုံသာလမ်းအခြေပြု၍ ဒေါ်လာ ဈေးဆွဲတင်ကစားသူ လက်ကြီးသမား ၅ ဦးမှ ၇ဦးထိ ရှိနေ ==================================== ရန်ကုန်၊ စက်တင်ဘာ ၂၁ ပြည်တွင်းငွေလဲဈေးကွက်တွင် အမေရိကန်ဒေါ်လာ တန်ဖိုးမြင့်တက်ပြီး မြန်မာကျပ်ငွေ တန်ဖိုး ထိုးကျနေမှု နှင့်ပတ်သက်ပြီး ငွေကြေးကစားသူများကို စိစစ် အရေးယူသွားရန် ရှိနေကြောင်းနိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။ ယနေ့ သမ္မတအိမ်တော်တွင် ကျင်းပသော ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။ မဂိုလမ်းခေါ် ရွှေဘုံသာလမ်းတွင် အမေရိကန်ဒေါ်လာ ကို လောင်းကစားဆန်ဆန် လေပတ်ကား ကစားမှု ယခင်က မရှိခဲ့သော်လည်း ယခုအခါ ရှိလာပြီဟု ကြားသိထားကြောင်း၊ ယခင်အစိုးရခေတ်က ဒေါ်လာငွေရောင်းသူများကို ဆွဲစိ၍ ဖြေရှင်းသော် လည်း ယခုခေတ်တွင်မူ ထိုသို့ မလုပ်လိုကြောင်း၊ စာရင်းဇယားများနှင့်တကွ သေချာစိစစ်နေကြောင်း၊ စိစစ်မှုများအပေါ် မူတည်၍ အရေးယူမှု Action များ လာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ရွှေဘုံသာလမ်းခေါ် မဂိုလမ်းတွင် နာမည်ကြီး ဒေါ်လာ ၀ယ်ရောင်း ပြုလုပ်၍ ဈေးဆွဲတင်သူ ၅ ဦးမှ ၇ ဦးခန့် အထိ ရှိပြီး အဆိုပါ ဒေါ်လာ ၀ယ်ရောင်းလက်ကြီးများ ကို ဒေါ်လာဝယ်ရောင်းဆက်စပ်သော ကုန်သည်အားလုံး က သိရှိကြောင်း၊ သက်ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနကလည်း သိရှိကြောင်း၊ ငွေကြေးအင်အား ကောင်း ကောင်းဖြင့် ဒေါ်လာတန်ဖိုးမြင့်တက်လာစေရန် ဆွဲတင်မှုများ ယခုရက်ပိုင်းအတွင်း လုပ်ဆောင်ခဲ့ကြပြီး ပြည်တွင်းဘဏ်ကြီးတစ်ခုကလည်း ဒေါ်လာ ၀ယ်ရောင်း လက်ကြီးသမားတစ်ဦးကို ညနေ ၅ နာရီ ဘဏ်ပိတ်ချိန် (ညနေ ၃ နာရီ) ကျော်လွန်သည်အထိ ငွေသွင်း၊ ငွေထုတ် ၀န်ဆောင်မှု ပေးမှု များရှိနေကြောင်း ရွှေဘုံသာလမ်းမှ အမည်မဖော်လိုသူ လိုင်စင်ရ ငွေလဲဒိုင်တစ်ဦးက ပြော သည်။
Blog တည်ထောင်သူ Romantic General Service
Email ThisBlogThis!Share to XShare to FacebookShare to Pinterest

No comments:

Post a Comment

Newer Post Older Post Home
Subscribe to: Post Comments (Atom)



သီချင်းရှာရန်

ဒီနေရာမှာကြော်ငြာမယ်

ဆက်သွယ်ရန်; (+95)9 2525 01212

ကြည့်နေသူပေါင်း

ဤ Romantic Music Blog ကို ကိုအောင်အောင်(Romanic)မှ Music နှင့် Movie မှတ်စုသဘောအသွင်ရေးသားခဲ့ပါသည်။. Simple theme. Theme images by macroworld. Powered by Blogger.