ထောင်ပေါင်းများစွာသော ရဟန်းရှင် ပြည်သူတွေအစုလိုက် အပြုံလိုက် အသတ်ခံခဲ့ကြရတယ် ....သောင်းပေါင်းများစွာသော ရဟန်းရှင် ပြည်သူတွေကိုယ့်အိုး ကိုယ့်အိမ်ကနေ ထွက်ပြေးတိမ်းရှောင် ခဲ့ကြရတယ် ....သိန်းပေါင်းများစွာသော ရဟန်းရှင် ပြည်သူတွေနယ်စပ်ဒေသ တောတောင်တွေထဲ ရောက်ကုန်ကြရတယ် ....အဲဒီ .. ဒီမိုကရေစီတိုက်ပွဲဝင် ရဟန်းရှင် ပြည်သူတွေနောက်က သန်းပေါင်းများစွာသော မိသားစုတွေ အတိဒုက္ခ ရောက်ခဲ့ကြရတယ် ....၈၈၈၈ တုန်းက တိုက်ရိုက် အတိဒုက္ခရောက်ခဲ့တဲ့ သန်းဂဏန်းရဲ့ဆင့်ပွား မိသားစုကို သင်္ချာနည်းနဲ့ ယနေ့တွက်ကြည့်ရင် သန်းပေါင်း ဆယ်ဂဏန်းမျှလောက် ရှိရော့မည် ...ထိုတိုက်ရိုက်ထိခံ ဆယ်ဂဏန်းမျှလောက်ရဲ့ ဆွေမျိုးသားချင်း အသိုင်းအဝိုင်းများကိုပါထပ်မံချဲ့ယူပါက ယနေ့မြန်မာ့လူဦးရေရဲ့ ၂၅% လောက်ကတော့ သေချာသည် ....
ကျန် ပြည်သူပြည်သားများကတော့ မိသားစုထဲမှ တိုက်ရိုက် အတိဒုက္ခ မရောက်ကျပေမယ့် အာဏာရှင်စနစ်ဒဏ်ကို ကိုယ် စိတ် နှစ်ပါးလုံး ဆင်းရဲဒုက္ခခြင်းများစွာနဲ့ နေရ သေရ ကြွေခဲ့ကြရတယ် ...
သန်းပေါင်းများစွာသော ဒုက္ခသည် ပြည်သူပြည်သားများရဲ့ သွေးသားရင်းတွေထဲမှာယနေ့ ဌာနပေါင်းစုံ ၊
လက်နက်ကိုင်ဌာန နဲ့ တိုင်ရင်းသားလက်နက်ကိုင် အသီးသီးကသူတွေ ရှိကိုရှိနေကြမှာတော့ သေချာသည် သို့ဆိုရင် ၈၈၈၈ အရေးတော်ပုံနှင့်တကွ ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့ကြသော မိသားစုဝင် ပြည်သူပြည်သား အာဇာနည် ဆွေမျိုး များကို လေးစားတန်ဘိုးထားသောအားဖြင့် မျှော်မှန်းထားရာ ဖယ်ဒရယ် ဒီမိုကရေစီစနစ်ကြီးသို့ များမကြာခင် ရောက်ရှိအောင်..၈၈၈၈ ဒီမိုကရေစီ လူထုတိုက်ပွဲကြီးမှ ဖြစ်တည်ပေါက်ဖွားလာသော ဒီမိုကရေစီပါတီများနှင့် အတူ ၊ စုပေါင်းအားဖြင့် ချီတက်ကြပါစို့ဟု ရေးသားရင်း ၊ တကယ့်အဖြစ်အပျက်ကို ဇာတ်အိမ်ဖွဲ့ကာဟောလိဝုဒ်မှ ရိုက်ကူးထားသည့် Beyond the Rangoon 8888 ဇာတ်ကားလေးကို ကြည့်ကြည့်ကြပါစို့ ၊၊ ၊၊

No comments:
Post a Comment